မြဝတီ၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်များမှ ရေထွက်ကုန်ကန်ဒေါ်လာ ၃ သန်းကျော်ဖိုးတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းများက မတ်လ၁၄ ရက်မှ ၂၀ ရက်တာကာလ အတွင်းတန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၇၆၄သန်း၊  တန်ချိန် ၂၈၁၇ တန် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅ တန်နီးပါး၊ ကဏန်းတန် ၂၀ ကျော်၊ ပုစွန် ၄ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း က ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၃၁ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ပုစွန်  ၂ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းကလည်း ကန်ဒေါ်လာ ၃ ဒသမ ၁၁၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၄၈၂ တန်နီးပါး၊  ရေငန်ပုစွန် ၉၉ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ကဏန်သေး(အသေ) ၂ တန်ကျော်၊ သဲကဏန်း ၁ တန်ကျော်၊ ငါးမှုန့် ၄၀၅ တန်၊ ပုစွန်ခြောက် ၁၀ တန်ကျော်၊ ငါးခြောက် ၄ တန်ကျော်၊ ကဏန်းနီ ၃၅ တန်ကျော်၊ ကဏန်းပျော့ ၆၅ တန်နဲ့ ကင်းမွန်ခြောက်အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ်