ကိုရီးယားစီးပွားရေးဖွံ့ဖြိုးမှုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်များ လျှော့ချခန့်မှန်း

   တောင်ကိုရီးယားနိုင်ငံတွင်းနှင့် ပြင်ပစီးပွားရေးဖိအားများကြောင့် တောင်ကိုရီးယား၏စီးပွားရေးဖွံ့ဖြိုးမှုကို ယခင်ခန့်မှန်းထားသည့်နှုန်းထားနှင့် ပြန်လည်ကိုက်ညှိရန် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်များက သုံးသပ်ချက်များ အဆောတလျင်ပြုလုပ်လာခဲ့ကြသည်။ ဘလွမ်းဘတ်၏ခန့်မှန်းချက်အရ ကိုရီးယား၏စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ကိုရီးယားဗဟို ဘဏ်၏ ခန့်မှန်းချက်နှင့် အညီ ၃ ဒသမ ၄ ရာခိုင်နှုန်းသာရှိမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့က ပြောဆိုခဲ့သည်။

   ဘလွမ်းဘတ်၏ ဘဏ္ဍာရေးအဖွဲ့အစည်း ၂၇ခုကို စစ်တမ်းကောက်ယူချက်အရ Nomura Research Institute သည် ကိုရီးယား၏စီးပွားရေးဖွံ့ဖြိုးနှုန်းကို ယခင် ၃ရာခိုင်နှုန်း ခန့််မှန်းထားရာမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့လျှော့ချခန့်မှန်းခဲ့သည်။ ထို့ကြောင့် Nomura သည် စီးပွားရေးဖွံံ့ဖြိုးနှုန်းကို ခန့်မှန်းရာတွင် နိုင်ငံတစ်နိုင်ငံအပေါ် ၂ ရာခိုင်နှုန်း အတွင်း ဖြန့်ကျက်ခန့်မှန်းသည့် တစ်ခုတည်းသော သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့သည်။ ကိုရီးယားနိုင်ငံတွင်း ပြည်တွင်းစားသုံးမှုလျော့ကျနေခြင်း၊ ပြည်ပပို့ကုန်နှေးကွေး လာခြင်းတို့သည် ကမ္ဘာ့စီးပွားရေး နာလန်ထူလာသည်ဆိုသော်လည်း ကိုရီးယားစီးပွားရေးဖွံ့ဖြိုးမှုနှုန်း လျော့ကျစေသည့် အကြောင်းရင်းများဖြစ်သည်။ ပြင်ပအချက်အလက်များ အနေဖြင့် အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြင့်လာနိုင်ခြင်း၊ ဂျပန်ယန်းငွေအားပျော့နေခြင်းတို့သည်လည်း ကိုရီးယားစီးပွားရေးကိုဆွဲချနေသောအချက်များဖြစ်ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့