တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်တဲ့ ဝိုင်တင်သွင်းပြီးနောက် အခွန်အခပေးဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနဲ့ ဆိုင်ဖွင့်လှစ်ခြင်း စစ်ဆေးအရေးယူခြင်းဆိုင်ရာသိကောင်းစရာ

 

          ဝိုင်ကို အကန့်အသတ်ဖြင့် တရားဝင် တင်သွင်းခွင့်ပြုခြင်းဖြင့် တရားမဝင်တင်သွင်းမှု ထိန်းချုပ်နိုင်ရန် ၊ နိုင်ငံတော်အခွန်အခများ အပြည့်အဝ ရရှိနိုင်ရန် နဲ့  ပြည်တွင်းဈေးကွက် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် မတ်လ(၁၇) ရက် နေ့မှစ၍ ပြည်ပမှ တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။

 

အခွန်အခပေးဆောင်ခြင်း

         ဝိုင်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနများရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ သတ်မှတ်ထားတဲ့ အခွန်အခ များကို ပေးဆောင်ရမှာဖြစ်ပါတယ်။

 

ဖြန့်ဖြူးရောင်းချခြင်းနှင့်ဆိုင်ဖွင့်လှစ်ခြင်း

          ဝိုင်တင်သွင်းခွင့် ရရှိပြီးနောက် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်း၊ ဆိုင်ဖွင့်လှစ်ခြင်းတို့အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးများရှိ စည်ပင်သာယာရေးကော်မတီများရဲ့ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

စစ်ဆေးခြင်းနှင့်အရေးယူခြင်း

          တင်သွင်းထားတဲ့ပစ္စည်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ သက်ဆိုင်ရာဌာနများရဲ့ တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးခြင်း၊ စိစစ်ကြပ်မတ်ခြင်းတို့ကို ခံယူရမှာဖြစ်ပြီး သက်ဆိုင်ရာဌာနများရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ ၊ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

          Duty Free Shops များနဲ့ ဟိုတယ်များမှာ အသုံးပြုရန် ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနရဲ့ ထောက်ခံချက်ဖြင့် တင်သွင်းခြင်းလုပ်ငန်းများအတွက် သီးခြားသတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက်တင်သွင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။                                                                                                                                                                              

ပန်