MIC (OSS) ရုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် တင်သွင်းသည့် MIC ပို့ကုန်သွင်းကုန်လိုင်စင်များ ဧပြီ ၁ ရက်နေ့မှ စတင်ထုတ်ပေးတော့မည်

 

           ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းရှိ MIC (OSS) ရုံးတွင် ပင်လယ်ရေကြောင်း အတွက် လိုင်စင်များကို ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ နယ်စပ်ထုတ်ကုန်သွင်းကုန်ဆိုင်ရာ MIC လိုင်စင်/ပါမစ်များ ခွင့်ပြုထုတ်ပေးနိုင်ခြင်းမရှိသေးသဖြင့် နယ်စပ် စခန်းများမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပစ္စည်းများတင်ပို့တင်သွင်း  ရန်လိုင်စင်ပါမစ်လျှောက်ထားလာပါက တစ်နေရာတည်းမှာ လုပ်ငန်းများ ပြီးမြောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစီစဉ်မှုများ (ကွန်ပျူတာနည်းပညာပိုင်း ဆိုင်ရာများ) ကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။ အချိန်နဲ့ တစ်ပြေးညီတစ်နေရာတည်းမှာ ပီပြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် နယ်စပ်ထုတ်ကုန်သွင်းကုန်ဆိုင်ရာ  MIC လိုင်စင်/ပါမစ်ခွင့်ပြုထုတ်ပေးခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရန်ကင်း MIC (OSS) တွင် ဆောင်ရွက်ပေးတော့မယ်လို့သတင်းရရှိပါတယ်။

          အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စရပ်များမှာ လာရောက်ရင်းနှီးမြှုပ်နှံသော ပြည်တွင်း/ပြည်ပလုပ်ငန်းရှင် များအတွက်လည်း ဧပြီလ ၁ ရက်နေ့မှ စ၍ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် IELPS (Bot-trade) စနစ်နဲ့ လိုင်စင် ထုတ်ပေးတော့မယ်လို့ သိရှိရပါတယ်။

 

                                                                                ပန်