မြဝတီနဲ့ ကော့သောင်းနယ်စပ်မှ ဖေဖော်ဝါရီလအတွင်း သီဟိုဠ်စေ့ ၁၃ တန်ကျော် တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ အတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၁၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်တာကာလ အတွင်းမှာ ကော့သောင်း နယ်စပ်စခန်းမှ သီဟိုဠ်စေ့ ၉ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၇၂ သန်း တင်ပို့နိုင်ခဲ့ပေမဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ခြင်းမရှိပါ။
ခင်မြနွယ် MIRT( DCCA)