မူဆယ်နယ်စပ်မှ ကြက်သွန်နီပိုမိုတင်ပို့

    မတ်လ  ပထမပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၇၃၃၇ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၃၂၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ၅၇ တန်သာ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ ကြက်သွန်နီပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ လည်း ကန်ဒေါ်လာ ၁၀၅၁၃၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၁၇ တန်နဲ့  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန် သွယ်ရေးမှ ကန် ဒေါ်လာ ၆၂၅၅ တန်ဖိုးရှိ ကြက်သွန်နီ ၂၂ တန်ခွဲ တင်ပို့ခဲ့ပါတယ်။

   ယခင်သီတင်းပတ်က တမူးစခန်းမှ ကြက်သွန်နီတင်ပို့မှုမရှိဘဲ မြဝတီစခန်းမှ ၄၆၆ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ကြက်သွန်နီတွေရဲ့ အရည် အသွေးကကောင်းလို့ ယခု လို နယ်စပ်တွေက ဝယ်လိုအားတွေများရတာလို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)