တရုတ်နယ်စပ်မှ ပြောင်းတင်ပို့မှုပိုမို

 

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးနဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးတို့မှ၂၀၁၅ ခုနှစ် မတ်လပထမပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၅၅၂ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၉၇၉၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။တင်ပို့တဲ့တန်ချိန်များကတော့ မူဆယ်မှ ၁၈၇၈၆ တန်၊ လွယ်ဂျယ်မှ တန် ၁၀ဝဝနဲ့ ကန်ပိုက်တီးမှ ၇ တန်ကျော်ဖြစ်ပါတယ်။ယခင်ရက်သတ္တပတ်က မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်များမှ ၁၆၉၃၂ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာပြောင်းတင်ပို့မှု ၂၈၆၁ တန်ကျော်ပိုမိုလာပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာလည်း ယခင် တစ်ပတ်က ပြောင်းတစ်တန်ကို ၂၈၀၅၁၄ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၂၈၅၂၅၅ ကျပ်သို့ဈေး ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းမှာလည်း ယခင်ရက်သတ္တပတ်က ပြောင်းတစ်ပိဿာကို သယ်ပို့ကားခ(၇၀-၇၃)ကျပ်မှ ယခုတစ်ပတ်တွင်(၇၃-၈၆)သို့ ဈေးမြင့်တက် လာတာတွေ့ရပါတယ်။

         

                                                 မော်မော်အောင် MIRT (DCCA)