ကမ္ဘာ့ရော်ဘာဈေးကျဆင်းလာတဲ့အတွက် အိန္ဒိယမှရော်ဘာတင်သွင်းမှု ၁၈ ရာခိုင်နှုန်းထိ မြင့်တက်နိုင်

 

           လာမဲ့ဘဏ္ဍာနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်ပမှရော်ဘာတင်သွင်းမှုဟာ ၁၈ ရာခိုင်နှုန်းထိ တန်ချိန် အားဖြင့် ၅၀ဝဝဝ၀ မြင့်တက်လာနိုင်မယ်လို့ ရော်ဘာကဏ္ဍမှ တာဝန်ရှိသူများက ပြောကြား လိုက်ပါတယ်။ပြည်တွင်းသုံးစွဲမှုမြင့်တက်ခြင်းနဲ့ ကမ္ဘာ့ရော်ဘာဈေးများ ကျဆင်းလာခြင်းတို့ကြောင့်လို့ သိရပါတယ်။

          ကမ္ဘာမှာ ရော်ဘာသုံးစွဲမှု ဒုတိယနေရာမှာရှိနေတဲ့အိန္ဒိယနိုင်ငံကရော်ဘာတိုးမြှင့်တင်သွင်းမယ် ဆိုတဲ့အတွက် ရော်ဘာဈေးကောင်းစေရန် အထောက်အကူဖြစ်စေနိုင်ပါတယ်။ လွန်ခဲ့သော ၅ နှစ်ထဲက ကမ္ဘာ့ရော်ဘာဈေး ကျဆင်းခဲ့ တာဖြစ် ပါတယ်။ပြည်တွင်း နဲ့ပြည်ပ မှ ရော်ဘာဈေးကွာဟမှုကြောင့် ပြည်ပမှ ရော်ဘာတင်သွင်းမှုပိုမိုလာစေမယ်လို့ Indian Rubber Dealer's Federation အသင်းဥက္ကဋ္ဌ George Xaly က ပြောကြား လိုက် ပါတယ်။အိန္ဒိယပြည်တွင်းရော်ဘာဈေးမှာ ၁ကီလိုလျှင် ၂ ဒသမ ၁၀ဒေါ်လာဖြစ်ပြီး မလေးရှား မှ တင်သွင်းတဲ့ ဈေးမှာ ၁ ဒသမ ၄၁ ဒေါ်လာသာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတွင်းရှိ ကားတာယာ ထုတ်တဲ့လုပ်ငန်းများဟာ ပြည်ပမှ ရော်ဘာကို ပိုမို တင်သွင်း လာကြ တာဖြစ်ပါတယ်။

          India နိုင်ငံဟာ ရော်ဘာစိမ်းကို ထိုင်း၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဗီယက်နမ်နိုင်ငံတို့မှ အများဆုံး ဝယ်ယူနေတာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာကုန်ဆုံးမဲ့လက်ရှိဘဏ္ဍာနှစ်မှာ တန်ချိန် ၄၂၅၀ဝ၀ တန်ထိ တင်သွင်းမယ်လို့ မျှော်မှန်းထားပါတယ်။         

          ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ရော်ဘာစိမ်းသုံးစွဲမှုပမာဏဟာ တန်ချိန် ၁ ဒသမ ၁ သန်းထိရှိလာနိုင်ပြီး တာယာလုပ်ငန်းများရဲ့ လိုအပ်ချက် မြင့်တက်လာတဲ့ အတွက်ဖြစ်ပါတယ်။ကားတာယာကုမ္ပဏီ တစ်ခုဖြစ်တဲ့ Budhraja ကလာမဲ့နှစ်မှာ ၂ ဘီးတပ်ယာဉ်သုံး တာယာ ထုတ်လုပ်မှု ၁၀-၁၂ ရာခိုင်နှုန်း၊ခရီးသည်တင် ယာဉ်သုံး ကားတာယာ ၅-၆ ရာခိုင်နှုန်းနဲ့စီးပွားရေးလုပ်ငန်းသုံးယာဉ်တာယာ ၂-၄ရာခိုင်နှုန်းထိ တိုးမြှင့် ထုတ်လုပ် သွားမယ်လို့ခန့်မှန်းထားပါတယ်။

          ရာသီဥတုကောင်းမွန်မှုနဲ့  ဈေးကောင်းမှုများကြောင့် မိမိတို့တာယာထုတ်လုပ်မှုလုပ်ငန်းဟာ ၁၅ ရာခိုင်နှုန်းထိမြင့်တက်လာမယ်လို့ Budhraja ပြောပါတယ်။လာမဲ့နှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ရော်ဘာတန်ချိန် ၈ သိန်းကျော် ထုတ်လုပ်နိုင်မယ် လို့မျှော်လင့်ကြောင်းနဲ့ယခုနှစ်မှာ တန်ချိန် ၇ သိန်းခန့် ထုတ်လုပ်နိုင်တယ်လို့ Budhraja ကပဲပြောကြားပါတယ်။

                                                                CMK