မြန်မာ့ရွှေဈေး တစ်ပတ်အတွင်း ကျပ် ရှစ်ထောင်နီးပါးကျဆင်းလာ

  မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း ကျပ်ရှစ်ထောင်နီးပါးပြန်လည်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်  မြန် မာ့ရွှေဈေးကျဆင်းလာရခြင်းဖြစ်ပြီး  ဈေးကွက်အတွင်း   အရောင်းအဝယ်များ အေးစက်လာခြင်းကြောင့်လည်း  ဈေးများကျဆင်းရခြင်းဖြစ်ကြောင်းသိရသည်။

   တရုတ်နှစ်သစ်ကူးကာလအပြီးတွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

   ''ကမ္ဘာ့ရွှေဈေးကလည်းကျလာတယ်။ ကမ္ဘာ့ရွှေဈေး ကျလာတော့ မြန်မာ့ရွှေဈေးကပါ လိုက်ပြီးကျလာတယ်။ ဈေးကျလာတော့  ဈေးကွက်ထဲမှာ အရောင်းအဝယ်က  အေးလာ တယ်။ ဒီတစ်ပတ်ထဲမှာ ပိတ်ရက်တွေကလည်းများတော့ ခရီးသွားတဲ့သူတွေကများတယ်။ ဈေးကွက်ထဲမှာ အရောင်းအဝယ်မရှိသလို လူလည်းမရှိဘူး'' ဟု ရွှေကုန်သည် ဦးစံမြင့် ကဆိုသည်။

   မြန်မာ့ရွှေဈေးသည် မတ်လ ၂ ရက်နေ့က ကျပ် ၆၇၉၀၀၀ ရှိခဲ့ရာမှ မတ်လ ၄ရက်နေ့တွင် ကျပ် ၆၇၃၀၀၀ သို့ ဈေးကျဆင်းခဲ့သည်။ ထို့နောက် မတ်လ ၆ရက်နေ့တွင်ကျပ် ၆၇၁၀၀၀ သို့ ဆက်တိုက်ကျဆင်းခဲ့သည်။

   ကမ္ဘာ့ရွှေဈေးသည်လည်း မတ်လ ၂ရက်နေ့က အမေရိကန်ဒေါ်လာ ၁၂၁၄ ရှိခဲ့ရာမှ မတ်လ ၄ရက်တွင် ၁၂၀၅ အမေရိကန်ဒေါ်လာရှိခဲ့ပြီး မတ်  ၆ရက်တွင် အမေရိကန်ဒေါ် လာ ၁၂၀၀ သို့ ကျဆင်းခဲ့သည်။

မယ်သီတာ