အိန္ဒိယ-မြန်မာ နယ်စပ်မီးရထားလမ်းအမြန်ဆုံးဖောက်လုပ်ရန်တောင်းဆိုမည်

 

          BJP ပါတီ၏ ဖိတ်ခေါ်မှုကြောင့် အိန္ဒိယနိုင်ငံရထားပို့ဆောင်ရေးဝန်ကြီး Suresh Prabho သည် ၂၀၁၅ ခုနှစ် မတ်လအကုန်တွင် မဏိပူရပြည်သို့လာရောက်မည်ဖြစ်ကြောင်း၊ ၎င်းပါတီမှ အင်ဖာမြို့နှင့် အိန္ဒိယ-မြန်မာ နယ်စပ်မိုရေးမြို့ တို့ကိုဆက်သွယ်သည့် မီးရထားလမ်းမကြီးကို အမြန်ဆုံးဖောက်လုပ်ရန် တောင်းဆိုမည် ဖြစ်ကြောင်း၊ အဆိုပါမီးရထားလမ်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း မတ်လ ၂ ရက်နေ့ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားတယ်လို့ သတင်း ရရှိပါတယ်။ 

                                                                                စိုးနိုင်(တမူး)