စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးယာဉ်အား တားဆီးရာတမလန်းလို့ ယူဆရတဲ့သစ်တုံးများသိမ်းဆည်းရမိ

 

           မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုနဲ့ စားသုံးသူ အကာအကွယ် ပေးရေး တာဝန်ထမ်းဆောင်နေသော Mobile Team လရ-၁အဖွဲ့သို့ မတ်လ ၂ ရက်နေ့ ၁၉ း ၃၀ ချိန်မှာ Toyota Crown  အမျိုးအစားယာဉ်ငယ်တစ်စီးဟာ စစ်ဆေးရေးဂိတ်သို့ စစ်ဆေးခံရန် ဝင်ရောက်လာပြီး အဖွဲ့မှ  စစ်ဆေးမည်ပြုစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့တဲ့အတွက် လိုက်လံဖမ်းဆီးရာမှာ ရပ်တန့်ခြင်းမရှိတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့ (ဂုတ်တွင်း) သို့ ဆက်သွယ်သတင်းပေးပို့ ပူးပေါင်းပိတ်ဆို့မှုဆောင်ရွက် ခဲ့ရပါတယ်။    ၎င်း ယာဉ်မှာ ဂုတ်တွင်းမရောက်မီနောက်ကြောင်း ပြန်လှည့်မောင်းနှင်ထွက်ပြေးလာပြီး ယခင်မူးယစ်အထူး တပ်ဖွဲ့ စစ်ဆေးရေးဂိတ်အနီး ကားများရေဆေးတဲ့နေရာမှာ ယာဉ်ကိုရပ်ထားပြီး ယာဉ်ပေါ်ပါ လူများထွက်ပြေး တိမ်းရှောင်သွားကြပါတယ်။ ယာဉ် အား အသေးစိတ်စစ်ဆေးရာမှာ တမလန်းလို့ ယူဆရတဲ့သစ်တုံး           ၁၁ တုံးအား ယာဉ်နဲ့အတူ သိမ်းဆည်းရမိခဲ့ပြီး သစ်များအား မြို့နယ်သစ်တောဦးစီးဌာနသို့လည်းကောင်း၊ ယာဉ်အား အကောက်ခွန်ဦးစီးဌာနသို့ လည်းကောင်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့် အပ်နှံသွားမယ်လို့ ရှေးပြေးသတင်းရရှိခဲ့ပါတယ်။

 

                                                                        DCCA DCCA