နနွင်းတက်တင်ပို့မှု ပိုမို

 

           ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၉၇၈၆ တန်ဖိုးရှိ နနွင်းတက် ၃၄ တန်ခွဲနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၅၂၀ တန်ဖိုးရှိ နနွင်းတက် ၉ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်၊ မြဝတီနဲ့ စစ်တွေစခန်း သုံးခုမှ နနွင်းတက် ၂၅ တန်နီးပါးဘဲ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ရဲ့ နနွင်းတက်တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတစ်လလုံး နယ်စပ်စခန်းအသီးသီးက တင်ပို့ခဲ့တဲ့ နနွင်းတက်၂၅၁ တန်ခွဲရှိတယ်လို့ သိရပါတယ်။

 

                                                                   မော်မော်အောင်MIRT (DCCA)