ဖေဖော်ဝါရီလမှာ နှမ်းရောင်စုံ တန်ချိန် ၃ထောင်ကျော်တင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၂ဒသမ ၄၀၅ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၇၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က မူဆယ်စခန်းမှ ၁၂၄ တန်ခွဲ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်ရဲ့နှမ်းတင်ပို့မှု ၁၂၄၈ တန်ခွဲပိုမိုလာပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နှမ်းနက်ဈေးများ ယခင်တစ်ပတ်အတိုင်းပြောင်းလဲမှုမရှိတာတွေ့ရပါတယ်။မူဆယ်ကုန်စည်ဒိုင်သို့ နှမ်းရောင်စုံ ၄၅ ပိဿာဝင် အိတ် ၅၀ဝ၀ မှ ၁၀ဝဝဝ ထိ နေ့စဉ်အဝင်ရှိနေပါတယ်။တရုတ်နှစ်ကူး ကာလအတွင်းမှာသာ အဝင်လျော့နည်း ခဲ့သော်လည်း ပုံမှန်ကုန်အတက်တော့ရှိနေတယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံး နယ်စခန်းအသီးသီးက တင်ပို့ခဲ့တဲ့နှမ်းရောင်စုံ ၃၆၇၇ တန်ခွဲရှိပါတယ်။ ယခုတစ်ပတ်ရဲ့စခန်း အလိုက် တင်ပို့ခဲ့တဲ့နှမ်းရောင်စုံတွေကတော့-
တန်ချိန်-ကိန်းပြည့်
နှမ်းအမျိုးအစား မူဆယ် ချင်းရွှေဟော်
နှမ်းဖြူ ၆၅ ၂၀၉
နှမ်းနက် ၅၄ ၉၆၇
နှမ်းဖြူ(အခွံချွတ်) ၇၈ -
မော်မော်အောင် MIRT (DCCA)