ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အိမ်ဆောက်ပစ္စည်းများ ကျပ်သိန်း ၆၀ ကျော် သိမ်းဆည်းရမိ

 

    မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team  မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့ အဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အထပ်သား၊ သွပ်ဆူးကြိုး ခွေလိပ်နဲ့ အိမ်ရိုက်သံများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အိမ်ဆောက် ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၆၄ သိန်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံကာ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။

 

                                                                        DCCA  DCCA