မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေထွက်ကုန် ပိုမိုတင်ပို့

 

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၄ သန်းတန်ဖိုးရှိ  ရေထွက်ကုန် တန် ၅၀ဝ ကျော်တင်ပို့နိုင်ပါတယ်။ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ဝ၇၁ သန်းဖိုးရှိ  ငါးမြစ်ချင်း ၅၅ တန်၊ ငါးခေါင်းပွ ၁၅ တန်နဲ့ ငါးနီတူခြောက် ၂ တန် တင်ပို့ခဲ့ပြီး မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၃ သန်းဖိုးရှိ ငါးကုန်းညိုခြောက် တန် ၃၀ ၊ ငါးနီတူခြောက် တန်  ၇၀ နဲ့ ငါးစုံလေးခြောက် ၃၂၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ယခင်ရက်သတ္တပတ်က ရေထွက်ကုန် ၂၀၃ တန်သာ တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၉၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဇန်န်ဝါရီတစ်လလုံးမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၆၆၈ သန်းဖိုးရှိ ရေထွက်ကုန်တန်  ၉၁၀ ကျော်တင်ပို့ထားနိုင်ခဲ့ပါတယ်။

 

                                                                ယဉ်ယဉ်အေး MIRT ( DCCA)