မြိတ်နယ်စပ်မှ ဇန်နဝါရီလအတွင်း ကဏန်းမျိုးစုံ ၁၅၄ တန်ကျော်တင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၇၄၇ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၅၅ တန်ကျော်၊ ကဏန်းနီ ၈၉ တန်ကျော်၊ ကဏန်းသေး (အသေ) ၅ တန်ကျော်၊ သဲကဏန်း ၃ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ ၇ ဒသမ ၈၃၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၆၀၆ တန်ကျော်၊ ငါးမှုန့် ၁၆၅၀ တန်၊ ရေငန်ပုစွန် ၁၅၄ တန်နီးပါး၊ ကင်းမွန်ခြောက် ၃၇ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ပုစွန်ခြောက် ၃ တန်ကျော်၊ ရေခူခြောက်  ၇ တန်နီးပါး၊ ကင်းမွန် ၉ တန်ကျော်၊ ငါးခြောက် ၂ တန်ကျော်နဲ့ ကင်းမွန်ခေါင်း  ၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                        ခင်မြနွယ် MIRT ( DCCA)