ကုန်သွယ်ရေးယာဉ်များထံမှ ငွေကြေးတောင်းခံနေသောဂိတ်များ အမြန်ဆုံး ပိတ်သိမ်းရန် ပြည်နယ်ဒုတိယဝန်ကြီးချုပ်က တောင်းဆို

 

          မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တစ်ဝှမ်းရှိ ပြည်နယ်အစိုးရ သတ်မှတ်ထားတဲ့နေရာများမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့များက ဂိတ်ဖွင့်လှစ်ပြီး ကုန်သွယ်ရေးယာဉ် များထံ က ငွေကြေးတောင်း ခံမှုများပြုလုပ်နေကြောင်း၊  အဆိုပါဂိတ်များ အမြန်ဆုံးပိတ်သိမ်းပေးရန် ပြည်နယ် ဒုတိယဝန်ကြီးချုပ် ရိုင်ခန့်ဂန်က တောင်းဆိုခဲ့ကြောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များ တောင်ပေါ်ခရိုင်များမှာ ငွေကြေးတောင်းခံမှုများကြောင့် ဆန္ဒပြ မှုများ ဖြစ်ပွားလာနိုင်တယ်လို့ သတင်း မှာဖော်ပြထားပါတယ်။

 

                                                                        နေထက်မင်း (တမူး)