မြဝတီကုန်သွယ်ရေးဇုန်မှ လယ်ယာထွက်ကုန်ကိုသာ အဓိကတင်ပို့

 

   မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန်သွယ်ရေးဇုန်မှ လယ်ယာ ထွက်ကုန်ပစ္စည်းများကို အဓိကတင်ပို့နေ သောနယ်စပ် စခန်းတစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာလည်း ကန်ဒေါ်လာ သုည ဒသမ ၄၃၇ သန်းတန်ဖိုးရှိ လယ်ယာ ထွက်ကုန်များဖြစ်သော ကြက်သွန်နီ ၂၀၉ တန်ကျော်၊  မြေပဲဆံ ၃၃၄ တန်ကျော်၊ ကြံ တန် ၅၀ဝ၊ ဂျင်းခြောက် ၅ တန်ကျော်၊ နနွင်းတက် ၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                        ခင်မြနွယ် MIRT ( DCCA)