မူဆယ်စခန်းမှသာ ပြောင်းတင်ပို့ခဲ့

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၁၂၅ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၁၆၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်မှ ၂၀၄၄၈ တန်ခွဲနဲ့ ကန်ပိုက်တီးမှ တန်  ၂၀၊ မြဝတီကုန်သွယ်ရေးဇုန်က တန် ၁၀ဝ၀ တင်ပို့နိုင်ခဲ့ရာ ယခုတစ်ပတ်ရဲ့ ပြောင်းတင်ပို့မှုဟာ သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ပြောင်းတစ်တန်ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ယခုတစ်ပတ်မှာလည်း ပြောင်းလဲမှု မရှိတာတွေ့ရပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ကုန်သည်များ တရုတ်နိုင်ငံကို ပြန်သွားကြလို့ ဝယ်လိုအားရော ရောင်းလိုအားပါ လျော့ကျလာခဲ့တာကြောင့် လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းတွေမှ ယခုရက်သတ္တပတ်မှာ ပြောင်းတင်ပို့မှု မရှိခဲ့ပါလို့ သိရပါတယ်။

 

                                                                မော်မော်အောင် MIRT ( DCCA)