ရှောင်ကွင်းလမ်းမှ သယ်ဆောင်ရန် စုပုံထားတဲ့ တရားမဝင်သစ်ကျပ် ၄၆သိန်းကျော်ဖိုး ရှာဖွေတွေ့ရှိ

 

   စစ်တောင်းတံတားလမ်းဟောင်း/လမ်းသစ်လမ်းဆုံမှ ၂ မိုင်ခန့်အကွာ ဒိုက်ဦးမဟာဗျူဟာ လမ်းဘေးမှာ Mobile Team အဖွဲ့အား ရှောင်ကွင်း သယ်ဆောင်ရန် တရားမဝင်ကျွန်းသစ်များ စုပုံထားရှိ ကြောင်းသတင်းအရ ပူးပေါင်း အဖွဲ့အား စေလွှတ်ရှာဖွေခဲ့ရာမှာ ဖေဖော်ဝါရီလ ၆ ရက် ၁၀ း ၀၀ ချိန်မှာ တရားမဝင်ကျွန်းသစ်ခွဲသား အရွယ်စုံ၊ ပွတ်လုံးတိုင်များ စုစုပေါင်း ၃ တန်အားပိုင်ရှင်မဲ့စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် သိမ်းဆည်းပြီး ဝေါမြို့နယ်သစ်တောဦးစီးသို့ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှုဖွင့်အပ်နှံ နိုင်ရေးဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိကျွန်းခွဲသား ၁ ဒသမ ၃၄၀ တန်၊ ၄၉၅ ချောင်းနဲ့ ကျွန်းပွတ်လုံး ၁ ဒသမ ၂၄၉၈ တန် ၇၂၅ လုံး၊ ခန့်မှန်းတန်ဖိုး ကျပ်  ၂၇ ဒသမ ၆၀၀ သိန်း၊ ၁၈ ဒသမ ၇၄၀ သိန်း စုစုပေါင်း ကျပ်  ၄၆ ဒသမ ၃၄၁ သိန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။

 

                                                                 DCCA  DCCA