သစ်သီးဝလံမျိုးစုံ တင်ပို့/တင်သွင်းတဲ့ ရွှေမူဆယ်

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  ဖေဖော်ဝါရီလ ၁ ရက်မှ  ၁၅ ရက် အတွင်းကန်ဒေါ်လာ ၈ ဒသမ ၄၉၆ သန်းတန်ဖိုးရှိ ဖရဲသီး ၆၆၉၀ဝ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၈၂၈ သန်းဖိုးရှိ သခွားမွှေး ၄၀၅၉ တန်ခွဲ၊ ကန်ဒေါ်လာ သုည ဒသမ ၂၉၅ သန်းဖိုးရှိ ဆီးသီး ၂၁၅၅ တန်၊ ကန်ဒေါ်လာ ၃၈၀၂ ဖိုးရှိ စပျစ်သီး ၃၈၀၂ တန်၊ ကန်ဒေါ်လာ ၃၈၈၃ ဖိုးရှိ ရွှေဖရုံသီး တန်  ၄၀ နဲ့ ကန်ဒေါ်လာ ၂၇၄၅ ဖိုးရှိ အုန်းသီး ၁၈ တန်ခွဲတို့ကို တင်ပို့နိုင်ခဲ့သလို ပန်းသီး၊ ပန်းသစ်တော်သီးများနဲ့ လိမ္မော်သီး  ၄၇၇၁ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၈၈၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ လက်ရှိတွင် တရုတ်နိုင်ငံအပြင် ဂျပန်နဲ့ အာဆီယံနိုင်ငံများသို့ တင်ပို့မှုများရှိပြီး အများစုမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုသာ အားထားနေရကြောင်း၊ ဖေဖော်ဝါရီလလယ်မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးကြောင့် ဇန်နဝါရီလမှ စပြီး မြန်မာပြည်အတွင်းမှ တရုတ်ပြည်သို့ တင်ပို့တဲ့ သစ်သီးတင်ယာဉ် နဲ့ တန်ချိန်တွေ များပြားလာခဲ့ပြီး ဖရဲသီးကား အစီး ၃၀ဝ မှ ၃၇၀ ကြား၊ သခွားမွှေးကား အစီး ၅၀ မှ  ၈၀ ကြား၊ ဆီးသီးကား  ၁၅ စီးမှ ၃၅ စီးကြား၊ စပျစ်သီး၊ အုန်းသီးနဲ့ ဖရုံသီးကားတွေကတော့ ပုံမှန် ၁ စီး ၂ စီး နေ့စဉ်အထွက်ရှိတယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရပါတယ်။

 

                                                                မော်မောင်အောင် MIRT ( DCCA)