အမည်မဖော်နိုင်သည့်ရောဂါတစ်မျိုး အိန္ဒိယရှိခွေးများကိုကူးစက်ပြန့်ပွားနေ

   အိန္ဒိယနိုင်ငံ၊ အင်ဖာအရှေ့ခရိုင်တွင် အမည်မသိရသေးသော ရောဂါတစ်မျိုးမှာ ခွေးများကို ကူးစက်ပြန့်ပွားနေပြီး အဆိုပါရောဂါကြောင့် ခွေးများသေဆုံးနေကြောင်း၊ ရောဂါ ခံစားနေရသော ခွေးများမှာကိုယ်ခံအားနည်းလာခြင်း၊ အစာရေစာစားသောက်မှုနည်းပါးခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ အဆိုပါရောဂါကို တိကျစွာ အဖြေထုတ်နိုင်ရန် ပြည်နယ်အစိုးရက ကြိုးစားဆောင်ရွက်နေကြောင်းလည်း သတင်းမှာဖော်ပြ ထားပါတယ်။

စိုးနိုင် (တမူး)