ဖရဲသီးများအောက်သိုဝှက်သယ်ဆောင်လာသော တမလန်းဟုယူဆရတဲ့သစ်လုံးများ

 

          ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဝ၉ း ၃၀ ချိန်မှာ မန္တလေး-မူဆယ်လမ်းကြောင်း နောင်ချိုယာယီအခြေပြု  Mobile Team အဖွဲ့ထံ  ဝင်ရောက်စစ်ဆေးခံသော ဖရဲသီးများတင်ဆောင်လာတဲ့ ၁၀ ဘီး Nissan Diesel ယာဉ်အား ရပ်တန့်စစ်ဆေးရာမှာ ဖရဲသီးများအောက်မှာ သိုဝှက်သယ်ဆောင်လာသော တမလန်းလို့ ယူဆရတဲ့ သစ်လုံးများကို စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ယာဉ်အား အသေးစိတ် စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။တမလန်းလို့ ယူဆရတဲ့ တရားမဝင်သစ်များနဲ့ သယ်ဆောင်လာတဲ့ ယာဉ်အား သိမ်းဆည်းပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲများ ဖွင့်လှစ်ကာ မြို့နယ်သစ်တောဦးစီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနများသို့ အပ်နှံသွားမယ်လို့ သိရပါတယ်။အလားတူဘဲ နံနက် ဝ၅ း ၃၀  ချိန်ကလည်း Nissan Diesel ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ကလည်း ဖရဲသီးများအောက်မှာ တမလန်းဟု ယူဆရသော သစ်လုံးများကို စစ်ဆေးတွေ့ရှိတဲ့ဖြစ်စဉ် လည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

                                                                                DCCA  DCCA