အိပ်ယာနိုးထထချင်း အစာအိမ်အတွင်း ဘာမှ မရှိခင် ရေသောက်ခြင်းအကျိုး

 

          နံနက်အိပ်ယာမှ ထထချင်းအစာအိမ်အတွင်း ဘာမှ မရှိသေးခင် ရေသောက်သုံးခြင်း ဓလေ့ဟာ ဂျပန်နိုင်ငံ မှာ ရေပန်းစားတဲ့ ထုံးစံတစ်ခုအဖြစ်ကျော်ကြားနေပါတယ်။ သိပ္ပံပညာရှင်များကလည်း ဒီအလေ့အကျင့်ကို သဘောတူညီကြပြီး ကျွန်ပ်တို့ရဲ့ ကျန်းမာရေးအတွက် များစွာ အကျိုးရှိစေတယ်လို့ ပြောဆိုကြပါတယ်။ ရေကို  သောက်သုံးခြင်းဖြင့် ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်ကြောင်းနဲ့ လွန်စွာမှ အောင်မြင်မှုရရှိတဲ့ နည်းလမ်းကောင်းတစ်ခုအဖြစ် ဂျပန်ကျန်းမာရေးအသင်းက ထောက်ခံထားပါတယ်။ နိုးနိုးချင်း ရေသောက်သုံးပေး ရမှာကတော့ ရေ ၆၄၀ မီလီလီတာကို အိပ်ယာမှ နိုးနိုးချင်း သွားမတိုက်မီ သောက်သုံးရပါမယ်။ ပြီးလျှင် သွားတိုက်ရပါမယ်။ ၄၅ မိနစ်အတွင်းမှာ ဘာမှမစားရပါဘူး၊ နံနက်စောစာ၊ နေ့လည်စာ၊ ညစာများ စားသုံးပြီး ၂ နာရီအတွင်းဘာမှ စားခြင်းသောက်ခြင်းမပြုရပါ။ ရေ ၆၄၀ မီလီလီတာကို တစ်ကြိမ်တည်း ချက်ချင်း သောက်သုံးရန် မဟုတ်ဘဲ နေ့စဉ်ဖြည်းဖြည်းချင်းတိုးသောက်ပေးသွားရမှာဖြစ်ပါတယ်။

   ယခုနည်းလမ်းအတိုင်း ရေကို သောက်သုံးသူများဟာ အောက်ဖော်ပြပါရောဂါများကို ယှဉ်တွဲပါရက်များ အလိုက် ပျောက်ကင်းစေနိုင်တယ်လို့ သိရှိရပါတယ်-

          ရောဂါ                     ပျောက်ကင်းမည့်နေ့ရက်

          ကင်ဆာ                  ၁၈၀

          တီဘီ                      ၉၀

          သွေးတိုး                  ၃၀

          ဆီးချို                      ၃၀

          ဝမ်းချုပ်ခြင်း              ၁၀

          အစာအိမ်ရောဂါ         ၁၀

 အဆစ်အမြစ်နာ ဝေဒနာသည်များကတော့ ပထမသီတင်းပတ်မှာ ရေကို  ၃ ရက်သာ သောက်သုံးရမှာ ဖြစ်ပြီး နောက်သီတင်းပတ် များမှာတော့ နေ့စဉ်သောက်သုံးပေးသွား ရမှာဖြစ်ပါတယ်။ ရေကို ယခုလိုသောက်သုံးခြင်းကြောင့်  ဘေးထွက်ဆိုးကျိုး များဖြစ်ပွားနိုင်ခြင်းမရှိကြောင်း၊ သို့သော် အစပိုင်းမှာတော့ ဆီးသွားတဲ့အကြိမ်ရေ များနိုင်တယ်လို့ ဆိုပါတယ်။ ယခုလို ပုံမှန်သောက်ပေးခြင်းအားဖြင့် ကျွန်ပ်တို့ ဘဝတစ်လျှောက်မှာ ကျန်းကျန်းမာမာတက်တက်ြွကြွကနဲ့ နေထိုင်သွားနိုင်မည်ဖြစ်ပါကြောင်း ကျန်းမာရေးအတွက် မျှဝေပေးလိုက်ရပါတယ်။

 

                                                                                                                                                                                ရှင်ပါဂူ