Training on Efficient Search and Effective Use of Market Information and Strategic Session Management သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Trade Training Institute နဲ့ နယ်သာလင်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားဝန်ကြီးဌာန Centre for the Promotion of Imports From  Developing  Countries  (CBI) တို့ပူးပေါင်းပြီး Training on Efficient Search and Effective Use of Market Information and Strategic Session Management  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက် ၁၀ း ဝ၀ ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပဉ္စမထပ် ညီလာခံခန်းမမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲမှာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနဲ့ (CBI) မှ ဥက္ကဋ္ဌ Mrs. Vereijken တို့က ဖွင့်ပွဲအမှာစကားများ ြွမက်ကြားခဲ့ကြပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးများ၊ သင်တန်းသူသင်တန်းသားများ တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကာလ ၃ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းနဲ့ စပ်လျဉ်းပြီး ယနေ့ ဈေးကွက် စီးပွားရေးခေတ်မှာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများကို ဈေးကွက် သတင်းအချက်အလက်ပေးနိုင်ဖို့၊ ဈေးကွက် ရှာဖွေပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနမှ အရာထမ်း ၂၀ ဦးကို သင်တန်းတက်ရောက်ရန်အတွက် ရွေးချယ်ပြီး တက်ရောက်ရန် စီစဉ်ပေးထားကြောင်း၊  Trade Training Institute  နဲ့ CBI မှ တာဝန်ရှိသူများညှိနှိုင်းပြီး သင်တန်း ှSchedule နဲ့ ဘာသာရပ်များကို သေသေချာချာ အစီအစဉ်ရေးဆွဲပြီး စီစဉ်ခဲ့တာဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားခဲ့ပါတယ်။ ယခုသင်တန်းဟာ Trainee for Trairer ဖြစ်ကြောင်း၊ ဒါကြောင့် နည်းပြအဆင့်ကျွမ်းကျင်ဝန်ထမ်းများကို ရွေးချယ်တက်ရောက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှာ အင်္ဂလိပ်ဘာသာရပ်နဲ့ ပို့ချသွားမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခဲ့သူများက မြန်မာလို ထပ်ဆင့်ဖြန့်ဝေပို့ချမှုများကို ကျန်ဝန်ထမ်းများကိုရော နယ်များထိပါ ပျံ့နှံသွားရောက်ပို့ချပေးသွားမှာ  ဖြစ်တဲ့အတွက် အရေးကြီးတဲ့ သင်တန်းတစ်ခုဖြစ်ကြောင်းလည်းသင်တန်းရဲ့ လေးနက်မှုကို ပြောကြားသွားခဲ့ပါ တယ်။ CBI ဥက္ကဋ္ဌ မြျ. Mrs. Vereijken ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများမှာ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်  ရည်ရွယ်ချက်နဲ့ ယခုကဲ့သို့ သင်တန်းများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ သူတို့ သုတေသနကို ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာကို သိရှိစေရန်ရှင်းလင်းပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းပြီးနောက် သူတို့ကိုယ်တိုင် သုတေသန လုပ်ငန်းများလုပ်ကိုင်နိုင်သွားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သင်တန်းမှ Inventarisation of Current Sitration of  TDI & TTT ?How Can  you  find the Question  Behird ?  And Help exportes in a structural way  ?Sources & reshearch  methods? Statisties Market Channels? Buyers စတဲ့ခေါင်းစဉ်များနဲ့ ဆွေးနွေးပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                                                                                                                                               MIRT (DCCA)