စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပိုမိုတင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလမှာကန်ဒေါ်လာသုည ဒသမ ၁၂၈ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် ၈၈၂ တန်ကျော်တင်ပို့ ခဲ့ပြီး အနီးစပ်ဆုံးဖြစ်တဲ့ ဒီဇင်ဘာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန် ၅၂၁ တန် တင်ပို့ခဲ့တဲ့အတွက် ယခုလနဲ့ ယခင်လ နှိုင်းယှဉ် ပါက ကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်း တန်ချိန် ၃၆၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ဇန်နဝါရီလရဲ့ အများဆုံးတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ မန်ကျည်းစေ့ ၇၇၈ တန်၊ ဇီးသီး ခြောက် ၅၆ တန်၊ မန်ကျည်းဖတ် ၂ တန်ကျော်နဲ့ နနွင်းတက် ၄၆ တန် တို့ ဖြစ်ကြပါတယ်။

   ဇန်နဝါရီလမှာ အခြားတင်ပို့ခဲ့တဲ့ ရေထွက်ကုန်ပစ္စည်းများကတော့ ရေချိုငါး (ငါးမြစ်ချင်း၊ ငါးခေါင်းပွ) ၂၂၄ တန်၊ ငါးသေတ္တာခြောက် ၂ တန်ကျော်၊ ငါးနီတူခြောက် ၁၀ တန်နဲ့ စက်မှုကုန်ချောဖြစ်တဲ့ ဆီးယိုထုပ် ၁၅၉ တန် တို့ကိုလည်းတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

တင်တင်ထွန်း MIRT (DCCA)