ကြက်သွန်နီ တင်ပို့မှုပိုမို

 

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁၅၉၈၈၇ တန်ဖိုးရှိ ကြန်သွန်နီ တန်၄၈၀ ကျော်နဲ့မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၁၅၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မြဝတီမှ တန် ၁၀ဝ ကျော်နဲ့ မူဆယ်မှ ၃ တန်သာ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ကြက်သွန်နီ တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်မှာ ကြက်သွန်နီ တစ်တန်ကို ဒေါ်လာ ၃၀ဝ-၄၀ဝကြားဈေးရရှိပြီး မြန်မာ-တရုတ်နယ်စပ်မှာတော့ တစ်တန်ကို ယခင်က ၁၅၀ဒေါ်လာမှ ယခု ဒေါ်လာ၂၁၀ထိဈေးရရှိတယ်လို့သိရပါတယ်။မြန်မာပြည်ကထွက်တဲ့ကြက်သွန်နီဟာ အရည်အသွေး ပိုကောင်းပြီး ဝယ်လိုအားများလာတာကြာင့် ယခုလိုနယ်စပ်စခန်းများမှတစ်ဆင့် တင်ပို့လာနိုင်တာ ဖြစ်ပါတယ်။                         

 

                                                                မော်မော်အောင် MIRT DCCA