ဝဥခြောက်ရော ဝဥအစိုပါ တင်ပို့နိုင်

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ  ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ဝ၃၁ သန်းတန်ဖိုးရှိ ဝဥခြောက် ၁၇ တန်အပြင် ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းတန်ဖိုးရှိ ဝဥအစို ၁၇ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ဝဥခြောက် ၂၇ တန်ခွဲကိုသာ တင်ပို့ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်တွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်မှ ဓဝဥစိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၊ ပြည်တွင်းပြည်ပ   ရောင်းဝယ်ဖောက်ကား သူများအတွက် ဝဥ အစုအဖွဲ့ကိုလည်း  ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝ ဥအထူးစိုက်ပျိုးထုတ်လုပ်သည့်  ဒေသများတွင် ဝ ဥ ဇုန် ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များကိုလည်း နှိုးဆော်ထား ပြီဖြစ်ပါကြောင်းဓ တို့ကို လွှတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါတယ်။ ဝ ဥအစိုကို  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ  ၁၅ တန် တင်ပို့ခဲ့ပြီး ယခုအကြိမ်ထပ်မံတင်ပို့ခြင်းဖြစ်တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။

                                                                                                                                                                                             မော်မော်အောင် MIRT (DCCA)