လျာထားချက်အပေါ် ရာခိုင်နှုန်း ၁၀ဝ ကျော်ဆောင်ရွက်နိုင်တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး

 

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၁၄ -၂၀၁၅  ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလထိ ၁၀ လတာကာလမှာ လျာထားချက်အပေါ် ၁၁၂ ဒသမ ၃၄ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာတော့ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၇၄၄ သန်း၊  သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၇၅၅ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။  မောင်တောစခန်းမှ ယခုလ တင်ပို့တဲ့ပို့ကုန်အမယ်များမှာ ရေထွက်ကုန် ပုစွန်၊ ငါးခြောက်၊ လယ်ယာ ထွက်ကုန် ဆန်နဲ့ သစ်တောထွက်ကုန် ဝါးတို့ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းမှာ  ဘိလပ်မြေတစ်မျိုးတည်းသာ ဖြစ်ပါတယ်။ ယခုရာသီဟာ ငါးခြောက်ရာသီဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့လျက်ရှိနေကြောင်းနဲ့  ယခင်လက တင်ပို့မှုမရှိခဲ့တဲ့ ဆန်ကို ယခုလမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။

 

                                                                        မြင့်မြင့်မာ MIRT (DCCA)