ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်သက်တမ်းတိုးနောက်ကျခြင်းအတွက် သတ်မှတ်ထားသော ဒဏ်ကြေးများအားပယ်ဖျက်

 

   ယခုအခါ နိုင်ငံတော်ရဲ့ ပြောင်းလဲလာသော စီးပွားရေးမူဝါဒများနဲ့အညီ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်လွယ်ကူစေရန်နဲ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များရဲ့ ကုန်ကျစရိတ်များလျော့နည်းသက်သာစေရန် အတွက် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားမှုနောက်ကျခြင်းအတွက် သတ်မှတ်ထားသောဒဏ်ကြေးကောက်ခံခြင်းအား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၁။၂၀၁၅ ဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။

     ယခင်က ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကြေးနှင့် သက်တမ်းတိုးကြေး၊ သက်တမ်းတိုး လျှောက်ထားမှုနောက်ကျခြင်းအတွက် ဒဏ်ကြေး၊ ပြင်ဆင်ကြေး၊ မိတ္တူမှန်ကြေးများအား ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်စွဲပါ ထုတ်ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၂။၂၀၁၃ ဖြင့်အောက်ပါတိုင်း သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်-

          (က)    ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး         ကျပ်    ၅၀ဝဝ

                   ပထမ(၁)လအတွင်းလျှောက်ထားလျှင်

          (ခ)     ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး         ကျပ်    ၁၀ဝဝဝ

                   ဒုတိယ(၁)လအတွင်းလျှောက်ထားလျှင်

          (ဂ)     ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး         ကျပ်    ၁၅၀ဝဝ

                   တတိယ(၁)လအတွင်းလျှောက်ထားလျှင်

          (ဃ)    ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး         ကျပ်    ၃၀ဝဝဝ

                   (၃)လကျော်လွန်လျှင်

 

                                                                   MIRT (DCCA)