ခရမ်းချဉ်သီးမျိုးစေ့များ တောင်ကိုရီးယားသို့တင်ပို့

 

   မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံသောနိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ နိုင်ငံတော်ရဲ့ ပို့ကုန် ကဏ္ဍကို လေ့လာကြည့်ပါကလည်း လယ်ယာထွက်ကုန်ပစ္စည်းအများဆုံး တင်ပို့နိုင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ယခုအခါ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ အရည်အသွေးမြင့်မားသော မျိုးစေ့များကိုပါ ပြည်ပသို့ တင်ပို့နိုင်နေပြီဖြစ်ပါတယ်။ Nongwoo Seed Myanmar ကုမ္ပဏီနှင့် Sea Field Industries ကုမ္ပဏီတို့ဟာ ပြင်ဦးလွင်နဲ့နောင်ချိုမြို့နယ်များတွင် စိုက်ပျိုးရေးခြံများနဲ့စက်ရုံများတည်ဆောက်ကာ ခရမ်းချဉ်သီး မျိုးစေ့များထုတ်လုပ်၍ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ခရမ်းချဉ်သီးမျိုးစေ့ရဲ့ အရည်အသွေး အပေါ် မူတည်၍  1 KG လျှင် ဒေါ်လာ ၄၀ဝ၀ အထိ ဈေးနှုန်းရရှိသဖြင့် ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အပင်မှ ထွက်ရှိသော သီးနှံနှင့်မျိုးစေ့များ ပြည်ပသို့ တင်ပို့ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ပိုးမွှားကင်းစင်ကြောင်း လက်မှတ်ပါရှိရန် လိုအပ်ပါတယ်။ ယခုကဲ့သို့ ဈေးကောင်း ရရှိသည့်မျိုးစေ့များတင်ပို့ခြင်းဖြင့် နိုင်ငံတော်ရဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို အထောက်အကူပြုစေလျက်ရှိပါကြောင်း  သတင်းကောင်းပါးလိုက်ရပါတယ်။ ဇန်နဝါရီလအတွင်းမှာ ၁ ကီလိုဂရမ်လျှင် ကန်ဒေါ်လာ ၄၀ဝ၀ နှုန်းနဲ့ ၆၅ ကီလိုဂရမ်ကျော် ကန်ဒေါ်လာ ၂၇၀ဝ နှုန်းနဲ့ ၃ ဒသမ ၇၀ ကီလိုဂရမ်အသီးသီးတင်ပို့ရန် လိုင်စင်လျှောက်ထားမှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

                                                                                MIRT (DCCA)