အမည်မသိရသေးသော ရောဂါတစ်မျိုး ခွေးများကို ကူးစက်ပြန့်ပွားနေ

 

  အိန္ဒိယနိုင်ငံ၊ အင်ဖာအရှေ့ခရိုင်တွင် အမည်မသိရသေးသော ရောဂါတစ်မျိုးမှာ ခွေးများကို ကူးစက် ပြန့်ပွားနေပြီး အဆိုပါရောဂါကြောင့် ခွေးများသေဆုံးနေကြောင်း၊  ရောဂါခံစားနေရသော ခွေးများမှာ ကိုယ်ခံ အားနည်းလာခြင်း၊ အစာရေစာစားသောက်မှု နည်းပါးခြင်းတို့  ဖြစ်ပေါ်နေကြောင်း ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မဏိပူရပြည်နယ်ထုတ်  The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ အဆိုပါရောဂါကို တိကျစွာ အဖြေထုတ်နိုင်ရန် ပြည်နယ်အစိုးရက ကြိုးစားဆောင်ရွက်နေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

 

                                                                                စိုးနိုင် (တမူး)