ID ထက်ပိုမို တင်ဆောင်လာတဲ့ အလှကုန်ပစ္စည်းများနဲ့ IDမဆောင်ထားတဲ့ ကားအပိုပစ္စည်းများ သိမ်းဆည်းရမိ

 

          မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ် အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ၁၂ဘီးဂျူတီ ယာဉ်အမှတ် (9E/xxxx) ပေါ်မှ ID ထက်ပိုမို တင်ဆောင်လာတဲ့ Lip Stick ၊ Hair Treatment ၊ Pyiamas  နှင့် ID မဆောင်ထားတဲ့ ကားဟတ်အုံနဲ့ Cosmetic Brush တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သိမ်းဆည်းရမိ အလှကုန် ပစ္စည်းများနဲ့ ကားအပိုပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁ ဒသမ ၆၅၉ ခန့်ဖြစ်ပြီး မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံ၍ အကောက်ခွန် အမှုတွဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

                                                                                DCCA  DCCA