မော်တောင်းကျေးရွာအနီး ရှောင်ကွင်းလမ်းမှ နာရီမျိုးစုံ၊ ဂဏန်းပေါင်းစက်များ အပါအဝင် ဖုန်းအပိုပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း၊ ကားပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းမျိုးစုံ သိမ်းဆည်းရမိ

 

          မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစီးတဲ့ အဖွဲ့သည် ဇန်နဝါရီလ ၂၁ နဲ့ ၂၂ ရက်နေ့များတွင် မော်တောင်း ကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ နာရီမျိုးစုံ၊ ဂဏန်းပေါင်းစက်၊ အရက်ဖာ၊ မူလီနဲ့ မူလီခေါင်း၊ Phone Intenna တိုင်၊ Motor- cycle sond Box ၊ ကားခြေနင်း ၊ EVD ၊   Motor Car Speaker ၊ ကားကူရှင်အစွပ် ၊ Motor Car Steria Cover Solar ၊ Phone- Charger ၊  ကားရှေ့မီး ကာဗာ၊ ကားတံခါး၊ လက်ကိုင်ကာဗာ၊ ကားဘန်ဘာထိပ်၊ ကားမှန်နေကာ၊ Solar with Power Bank ၊ Engine Cleaner ၊ နားကြပ် နှင့် အားသွင်းကြိုးခေါင်း၊ Leather Polish Spray စတဲ့ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၈၁ ဒသမ ၅၄၅ အား သိမ်းဆည်းရမိ တဲ့အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့် အရေးယူ ထားပြီး ဖြစ်ပါတယ်။

                                                                                                                      

                                                                                                                                                                             DCCA  DCCA