ကြက်သွန်နီ တင်ပို့မှုလျော့ကျ

 

         

         ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၃၉၃၃ တန်ဖိုးရှိ ကြက်သွန်နီတန် ၁၀ဝ ကျော်နဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၃၀ တန်ဖိုးရှိ ကြက်သွန်နီ  ၃ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က မြဝတီမှ  ၄၅၃ တန်၊ တာချီလိတ်မှ  တန် ၅၀ နဲ့ မူဆယ်မှ တန် ၂၀ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ရဲ့ ကြက်သွန်နီတင်ပို့မှု လျော့ကျသွားတာ တွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ  ကြက်သွန်နီတစ်တန်ကို  ဒေါ်လာ ၃၀ဝ မှ ၄၀ဝ ကြားဈေးရရှိပြီး မြန်မာ-တရုတ်နယ်စပ်မှာ တစ်တန်ကို ယခင်က ဒေါ်လာ ၁၅၀ မှ  ၂၁၀ ထိ ဈေးရရှိတယ်လို့ ကုန်စည်ဒိုင် သတင်းများအရ သိရပါတယ်။

 

                                                                                                                                                  မော်မော်အောင် MIRT (DCCA)