လာအို-မြန်မာချစ်ကြည်ရေးတံတား မေလအတွင်း ဖွင့်လှစ်တော့မည်

 

လာအိုနိုင်ငံ မြောက်ပိုင်းနဲ့  မြန်မာနိုင်ငံ ရှမ်းပြည်နယ်တို့ကို မဲခေါင်မြစ်အား ဖြတ်သန်းဆက်သွယ်ထားတဲ့ လာအို-မြန်မာချစ်ကြည်ရေး တံတား ကို မေလအတွင်းမှာ တရားဝင်ဖွင့်လှစ်တော့မယ်လို့ လာအိုနိုင်ငံထုတ် Vientiane Time သတင်း မှာ ဖော်ပြထားပါတယ်။ မူလက လျာထားတာတော့ ဩဂုတ်လမှာ ဖွင့်ဖို့ဖြစ်ပေမဲ့ ယခုစောပြီးစီးတဲ့အတွက် မေလမှာ ဖွင့်နိုင်တာလို့ သိရပါတယ်။ ၂၀၁၃ ခုနှစ် အစောပိုင်းက တံတားဆောက်လုပ်ရေး ကျန်ကျစရိတ်ငွေ ကန်ဒေါ်လာ ၂၆ သန်း အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး မတ်လမှာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမယ်လို့  စီမံကိန်း မန်နေဂျာ Xaysongkham Manotham က Vientiane Times  ကို ပြောကြားခဲ့ပါတယ်။တည်ဆောက်ရေးစီမံကိန်းအချောသတ်ရေးနဲ့ တရားဝင် တံတားဖွင့်ပွဲ အခမ်းအနားကျင်းပရေးအတွက် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက ပြုလုပ်တဲ့ ဝန်ကြီးဌာန အစည်းအဝေးမှာ ထည့် သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။လာအိုပြည်သူ့ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Dr.Bounchanh Sinthavong နဲ့ မြန်မာဖက်မှ ကိုယ်စားလှယ်တို့ ပါဝင်တဲ့ နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်သောအဖွဲ့ လာအိုနိုင်ငံမြောက်ပိုင်း Luang Namtha ပြည်နယ် Long ခရိုင်မှာ တွေ့ဆုံပြီး တံတားဖွင့်လှစ်ရန်ရက်ကိုလည်း လျာထားကြမှာဖြစ်ပြီး အတည်ပြုပြီးပါက တရားဝင်ကြေညာသွားမယ်လို့  H.E Xay songkham က ပြောပါတယ်။ တွေ့ဆုံပွဲမှာ လုပ်ငန်းများ အချောသတ်ရန်နဲ့ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်ပြီး တံတားဖွင့်ပွဲစတင်တာနဲ့ နှစ်နိုင်ငံဖြတ်သန်းသွားလာနိုင်ပြီး ပြည်သူ့အတွက် ဝန်ဆောင်မှုများ စတင်နိုင်ရေး ထည့်သွင်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံဝန်ကြီးများရဲ့ ဆက်စပ်ဌာနများမှ အရာရှိများဟာ တံတားကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး နှစ်နိုင်ငံနယ်စပ်/ဝင်ထွက်မှုကွပ်ကဲနိုင်ရေးနဲ့ ချဉ်းကပ်လမ်းများကိုပါ စစ်ဆေး ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လာအို-မြန်မာ ချစ်ကြည်ရေး တံတားဟာ မြန်မာနိုင်ငံရှမ်းပြည်နယ် တာချီလိတ်နဲ့ လာအိုနိုင်ငံ  Luang Namtha  ပြည်နယ်တို့ကို မဲခေါင်မြစ်အား ဖြတ်သန်းပြီး နှစ်နိုင်ငံအစိုးရရဲ့ ထည့်ဝင်ငွေများနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တံတားမှာနှစ်လမ်းသွား ယာဉ် လမ်းကြောင်းပါရှိပါတယ်။ တံတားခံနိုင်ဝန်အားမှာ အများဆုံး  ၇၅ တန်ဖြစ်ပြီး ငလျင်အား ၇ ဒသမ သုည ရစ်ချတာစကေးထိ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ တံတားအရှည် ၆၉၁ ဒသမ ၆ မီတာရှည်ပြီး တံတားအကျယ်မှာ ၁၀ ဒသမ ၉ မီတာရှိပါတယ်။ ချစ်ကြည်ရေးတံတားဖွင့်လှစ်ခြင်း အားဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာမြင့်တက်စေနိုင်မှာဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့လှည့်ခရီးသွား လုပ်ငန်းများပါ ဖွံ့ဖြိုး တိုးတက်စေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာ အိမ်နီးချင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ အခြားအိမ်နီးချင်းနိုင်ငံ များနဲ့ နှိုင်းယှဉ်လျှင် အလွန်လျော့နည်း လျက်ရှိပါတယ်။ ချစ်ကြည်ရေးတံတားမှ တစ်ဆင့်  ကုန်စည်စီးဆင်းမှု လွယ်ကူစေတော့မှာ  ဖြစ်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေတော့မှာဖြစ်ပါတယ်။  မြန်မာ-လာအိုနှ စ်နိုင်ငံချစ်ကြည်ရေးတံတားအပြင် လာအို နိုင်ငံဟာ မဲခေါင်မြစ်ကို ဖြတ်ပြီး  ထိုင်းနိုင်ငံနဲ့  တံတား ၄ စင်း ဆက်သွယ်ထားတာ  ဖြစ်ပါတယ်။  နှစ်နိုင်ငံချစ်ကြည်ရေးတံတားများ သွယ်တန်း ဆောက်လုပ်ထား ခြင်းအားဖြင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုနဲ့ခရီးသွားလုပ်ငန်းများ သိသိသာသာတိုးတက်လာစေတော့မယ် မင်္ဂလာအပေါင်းခငြောင်းစေနိုင်မဲ့ သတင်းကောင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။                                                                                                                                                                                                                                                                                                                                       တိမ်ကင်းစင်