တစ်သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ယမန်နှစ်ကာလတူထက် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပိုမိုတင်ပို့နိုင်

 

          မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဇန်နဝါရီလအဓိကပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ဖြစ်ကြပါတယ်။ အဓိကသွင်းကုန်ကတော့ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ယာဉ်ယန္တရားများဖြစ်ကြပါတယ်။ ဇန်နဝါရီလမှာ ပို့ကုန်အနေနဲ့ ကန်ဒေါ်လာ ၁ ဒသမ ဝ၈၂ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၃၈၃ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၄၆၅ သန်း ဆောင်ရွက်နိုင်သဖြင့် ယမန်နှစ်အလားတူကာလထက် ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၃၇ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၈၈၆  သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။ ပို့ကုန်ပိုင်းမှာ ယမန်နှစ်ကာလတူထက် ပိုမိုရခြင်းမှာ တစ်သျှူးငှက်ပျော ပိုမိုတင်ပို့နိုင်ခြင်း ကြောင့်ဖြစ်ပြီး သွင်းကုန်ပိုင်းမှာလည်း ယာဉ်ယန္တရားနဲ့ ဆောင်လုပ်ရေးပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခဲ့တဲ့အတွက်လို့ သိရပါတယ်။

          အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ရာမှာတော့ ကုန်သွယ်မှုပမာဏ အနည်းငယ်ကျခဲ့ပါတယ်။ ထိုကဲ့သို့ ကျဆင်းရခြင်းကတော့ ဇန်နဝါရီလတွင် ဖားကန့်ဒေသမှာ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ယာဉ်ယန္တရားများနဲ့ လူသုံး/အိမ်သုံးပစ္စည်းများသွားလာရန် ခက်ခဲတဲ့အတွက်လို့သိရပါတယ်။ ပို့ကုန်ပိုင်းမှာလည်း သတ္တုတင်ပို့နိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။                                                                                                                                                                                                                                              MIRT  DCCA