မြန်မာနိုင်ငံစက်မှုသီးနှံ (ရော်ဘာ) ဌာနမှ တာဝန်ရှိသူများနဲ့ IR Co မှ အမှုဆောင်အရာရှိချုပ် တွေ့ဆုံ

 

                   IR Co မှအမှုဆောင် အရာရှိချုပ် Mr.Yium Tavarolit သည် စက်မှု သီးနှံဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။  သဘာဝရော်ဘာ (Natural Rubber) ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူး ရရှိစေနိုင်မဲ့ ဆွေးနွေးမှုများကို ဆွေးနွေးခဲ့တယ်လို့  ဖေဖော်ဝါရီလ ၄ ရက်နေ့က Global Rubber Market News   အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဆွေးနွေးရာမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ရော်ဘာဈေးကွက် ကျဆင်းနေရမှုနဲ့ ဒီပြဿနာကို အာဆီယံနိုင်ငံအတွင်းရှိ သဘာဝ ရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ခြင်း ဖြေရှင်းရန် ကိစ္စအား အသေးစိတ် ထားဆွေးနွေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ရော်ဘာစိုက်ဧက ၁ ဒသမ ၄သန်းဝန်းကျင် ဟက်တာ (သုည ဒသမ ၅၆ သန်း) စိုက်ပျိုးထားတာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ CEOက မြန်မာနိုင်ငံစက်မှုသီးနှံဌာနမှ အရာရှိများအား ITRC  နဲ့ IRCO ရဲ့ နောက်ခံသမိုင်းကြောင်း၊ သဘာဝရော်ဘာ ဈေးနှုန်းတိုးရရှိရေးအတွက် လာမဲ့ ၁၀ နှစ်အတွင်းကျင့်သုံးမဲ့ နည်းလမ်း များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ IR Co မှ CEO ကဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ Bandung မှာကျင်းပမဲ့ ITRC နဲ့ CLMV လေးနိုင်ငံ ပူးတွဲအစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ တက်ရောက် ပေးဖို့ဖိတ်ကြားခဲ့ပြီး Bandung မှာ ကျင်းပမဲ့အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ သဘာဝရော်ဘာဈေးကွက်အခြေအနေ၊ ITRC နဲ့ CLMV တို့ ပူးပေါင်း ဆောင်ရွက်မှု ထပ်မံတိုးမြှင့်ရန်နဲ့ သဘာဝရော်ဘာ ဈေးတည်ငြိမ်မှု ရှိစေရေးတို့ကို ဦးစားပေး ဆွေးနွေး သွားမယ်လို့ သိရပါတယ်။ နိုင်ငံခုနှစ်နိုင်ငံမှ သဘာဝရော်ဘာ လုပ်ငန်းရှင်ငယ်များ (Small holders) များရဲ့ ရေရှည်အကျိုး စီးပွားရရှိ စေရေးလည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

 

                                                                                                                                                       CMK