တစ်ဖက်နိုင်ငံ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အင်ဖာ-မိုရေးကုန်သွယ်မှု အခက်အခဲများနဲ့ ရင်ဆိုင်နေရ

 

          မဏိပူရပြည်နယ် ထိုဘားခရိုင် လီလွန်ဒေသရှိ အမှတ် (၄၀) အာသံတပ်ဖွဲ့ စခန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အာသံတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းနဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့က ပြုလုပ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ အင်ဖာနဲ့ မိုရေးမြို့အကြား အကြမ်းဖက်မှုနဲ့ လမ်းပိတ် ဆန္ဒပြမှုများကြောင့် အင်ဖာ-မိုရေးကုန်သွယ်ရေးမှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရပြီး ဆန္ဒပြမှုများလည်း ထပ်မံ ဖြစ်ပွားနိုင်ချေ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

 

                                                                                                                                                နေထက်မင်း (တမူး)