ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇန်နဝါရီလအတွင်း ရော်ဘာတန် ၁၈၅၀ ကျော်တင်ပို့

 

          ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၇ သန်းဖိုးရှိ ရော်ဘာ ၂၃၂ တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မလေးရှား တစ်နိုင်ငံတည်းကို RSS 3တစ်မျိုးတည်း တင်ပို့ခဲ့တာဖြစ်ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၁၈၄ တန်ခန့် လျော့နည်းခဲ့ ပါတယ်။ ဇန်နဝါရီလ တစ်လ လုံးအတွင်းမှာတော့ ကန်ဒေါ်လာ ၂ ဒသမ ၃၉၂ သန်းဖိုးရှိ ရော်ဘာ ၁၈၅၈ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ပါက ၁၁၅၇ တန်လျော့ နည်းခဲ့ပါတယ်။ နိုင်ငံတကာ ရော်ဘာဈေးများ ကျဆင်းတဲ့ အတွက် မြန်မာ့ ရော်ဘာလည်း ဈေးကောင်း မရဘဲ တင်ပို့ မှုလည်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ရော်ဘာဈေးများ ယခုတစ်ပတ်မှာ အတက်အကျ သိပ်မရှိတဲ့ အတွက် မြန်မာ့ရော်ဘာ ဈေးလည်း မပြောင်းလဲဘဲ ယခင်တစ်ပတ် အတိုင်းရှိနေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းက ထုတ်ပြန်ထားပါတယ်။ အသင်းက ထုတ်ပြန်ထားတဲ့ ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်-

RSS 1                              တစ်တန်လျှင်  ဒေါ်လာ         ၁၄၀ဝ-၁၅၀ဝ

RSS 2                              တစ်တန်လျှင်   ဒေါ်လာ         ၁၃၅၀-၁၄၅၀

RSS 3                              တစ်တန်လျှင်   ဒေါ်လာ         ၁၃၀ဝ-၁၄၀ဝ

RSS 4                              တစ်တန်လျှင်   ဒေါ်လာ         ၁၂၅၀-၁၃၅၀

RSS 5                             တစ်တန်လျှင်   ဒေါ်လာ         ၁၂၀ဝ-၁၃၀ဝ

MSR 10                           တစ်တန်လျှင်   ဒေါ်လာ         ၁၃၀ဝ-၁၄၀ဝ

MSR 20                           တစ်တန်လျှင်   ဒေါ်လာ         ၁၂၅၀-၁၃၅၀

MSR 50                           တစ်တန်လျှင်   ဒေါ်လာ         ၁၁၅၀-၁၂၅၀

Crepe Rubber                  တစ်တန်လျှင်   ဒေါ်လာ         ၁၁၀ဝ-၁၂၀ဝ

                                                                                                 ယဉ်ယဉ်အေး MIRT (DCCA)