ချင်းပြည်နယ်တွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ စားသုံးသူပြည်သူများ နစ်နာခြင်းမရှိစေရန်နှင့် စားသုံးသူများအား ဥပဒေဖြင့် ကာကွယ် ပေးနိုင်ရန်ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ဥပဒေအမှတ် ၁၀ ဖြင့် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့ပါသည်။ ဥပဒေပါ လုပ်ထုံးလုပ်နည်း များအရ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ ဖွဲ့စည်းပေးလျက် ရှိရာ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ချင်းပြည်နယ် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အား ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ချင်းပြည်နယ်သည် တောင်နှင့် မြောက် ဧရိယာကျယ်ပြန့်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး  မြို့နယ်ကိုးမြို့နယ်နှင့် မြို့နယ်ခွဲ သုံးခုဖြင့် ဖွဲ့စည်းထားရှိပါသည်။ ပြည်နယ်အတွင်းရှိ စားသုံးသူများ နစ်နာမှု မရှိစေရန် ဖွဲ့စည်းခဲ့သည့် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တွင် ဌာနဆိုင်ရာဝန်ထမ်းများသာမက ကျွမ်းကျင်ပညာရှင်များ၊ ကုန်သည် များ၊ စားသုံးသူကိုယ်စားလှယ်များ စသည်ဖြင့် အလွှာကဏ္ဍ စုံလင်စွာဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ် ပါသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ယခုဖွဲ့စည်းပေးခဲ့သော စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးရမ်မန်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ ပြည်နယ်ဥပဒေရုံးမှ ဥပဒေပညာရှင် ဦးတင်မြင့် နှင့် မြို့မိမြို့ဖ သုံးဦး ပါဝင် ဖွဲ့စည်းထားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းက အတွင်းရေးမှူး တာဝန်ထမ်းဆောင်ပါသည်။ တွဲဘက်အတွင်းရေးမှူး အဖြစ် မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးခင်မောင်ဝင်းက ဆောင်ရွက်ရန် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ စားသုံးသူအငြင်းပွား မှုဖြေရှင်းရေးအဖွဲ့များဖွဲ့စည်းပြီးနောက် လုပ်ငန်းတာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်အတွက် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှု ဆိုင်ရာ လုပ်ငန်း ကော်မတီ တို့ကိုလည်း တစ်ဆက်တည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဟု သတင်းရရှိပါသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့ရွာများအချင်းချင်း သွားလာနိုင်ရန်အချိန်ကြာမြင့်သည့်နည်းတူ မျိုးနွယ်စုများနှင့် ဘာသာစကားများလည်း ကွဲပြားကြသဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။ စားသုံးသူ အငြင်းပွားမှုဖြေရှင်းနိုင်ရန်အတွက် စားသုံးသူများ သိသင့်သိထိုက်သည်များကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စားသုံးသူရပိုင်ခွင့်အခွင့်အရေးများ သိရှိစေရန်နှင့် ထုတ်လုပ်သူများ၏ တာဝန်ရှိမှု အကြောင်းများကို နားလည်သဘောက်ပေါက်စေရန် စားသုံးသူအကာအကွယ်ပေး ပညာပေး ဟောပြောပွဲများကို ကျေးလက်ဒေသများအထိ ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ စာသုံးသူအပြင်းပွားမှုများဖြေရှင်းရန်အတွက် ဆက်စပ်ဝန်ကြီးဌာန များနှင့်အတူလက်တွဲ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး ပြဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

                                                                                                                                                               နှင်းနှင်းခိုင်