“ငွေချည်-၆- ဝါဂွမ်း တန်ချိန် ၄ထောင်ကျော်တင်ပို့”

 

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ကနေ၂၀၁၄ ခုနှစ် မတ်လဆန်းမှ စတင် တင်ပို့ခဲ့ရာမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာတော့ ကန်ဒေါ်လာ ၉ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၄၃၈၄ တန်ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံး ဒီဇင်ဘာလမှာ ၂၈၇၂ တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ငွေချည်(၆) ဝါမျိုးကို တံတားဦးမြို့နယ် ပြုကန်ကျေးရွာမှာ ကန်ရေသွင်းပြီး စိုက်ပျိုးကြကြောင်း၊ ဝါသီးနှံ ဈေးကွက်မှာ အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားပေမဲ့ အမျိုးအစားကောင်း ဝါထိပ်စ ၁ ပိဿာ ၈၅၀ ကျပ်မှ  ၉၀ဝ ကျပ်၊ လတ်စ ၇၅၀ ကျပ်နဲ့ အောင်စ ၆၅၀ ကျပ်ထိဈေးရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှ သိရပါတယ်။

                                                                                                                                 မော်မော်အောင် MIRT (DCCA)