တရုတ်ပြည်ကို ပုံမှန်တင်ပို့နိုင်တဲ့ ဝဥခြောက်

         

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ကန်ဒေါ်လာ သုည ဒသမ ၃၂၄ သန်းတန်ဖိုးရှိ ဝဥခြောက် ၁၇၅ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာတော့ ဝဥခြောက် ၄၈၁ တန်ခွဲနဲ့ ဝဥအစို ၁၅ တန် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဝဥကို မန္တလေးမှ မူဆယ်မြို့၊ မူဆယ်မှ တစ်ဆင့် တရုတ်ဈေးကွက်သို့ ပုံမှန် တင်ပို့နေရတယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။ "ဝ"ဥတင်ပို့မှုအနေနဲ့  ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်အထိ ပင်လယ်ရေကြောင်းကရော၊ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများမှ စုစုပေါင်း တန်ချိန် ၃၅၂၅ တန်တင်ပို့ထားပြီး ဖြစ်ပါတယ်။ ဈေးကွက် အသင့်အတင့်ရှိပြီး ဈေးနှုန်းလည်း ကောင်းမွန်တဲ့ "ဝ"ဥ စိုက်ပျိုးထုတ်လုပ်မှုကို ယခုထက်တွင် ကျယ်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများ အတွက် အပိုဝင်ငွေရရှိပြီး လူမှုဘဝ မြှင့်တင်နိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ဈေးကွက် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း အသိပေး လိုက်ရပါတယ်။

 

                                                                                                    မော်မော်အောင် MIRT (DCCA)