မကွေးတိုင်းဒေသကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ(၂) ရပ်ဖွဲ့စည်းခြင်း

 

          မကွေးတိုင်းဒေသကြီးတွင် စားသုံးသူများအား အကာအကွယ်ပေးနိုင်ရေး အတွက် နိုင်ငံတော်မှ စားသုံးသူအ ကာအကွယ်ပေးရေး ဥပဒေကို  ၂၀၁၄ ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၁၀) ဖြင့် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်ပါ၍  စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူဗဟိုကော်မတီ၏  လမ်းညွှန်ချက်ဖြင့် ၂၀၁၄ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါသည်။

          ယခုအခါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး၏ လုပ်ငန်း များ ယခုထက်ပို၍ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး ကော်မတီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို  ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ထပ်မံ ဖွဲ့စည်း ပေးအပ်ခဲ့ပါသည်။

   ထိုသို့ဖွဲ့စည်းရာတွင် တိုင်းဒေသကြီး အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံ ကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနမှ ဥက္ကဌအဖြစ်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး  ဦးစီးမှူးမှ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊   ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး တိုင်းအဆင့် ဌာနဆိုင်ရာ(၁၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

  ၎င်းစားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် စားသုံးသူတိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးကော်မတီတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဥက္ကဌအဖြစ်လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းကျန်းမာရေးဦးစီးဌာန၊ တိုင်းစိုက်ပျိူးရေးဦးစီးဌာန၊ လူမှုရေး အသင်းအဖွဲ့ ကိုယ်စားလှယ်၊ စက်မှုလက်မှုလုပ်ငန်းရှင် ကိုယ်စားလှယ်၊ စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်၊ ကျွမ်းကျင်ပညာရှင်နှင့်  ကူးသန်းရောင်းဝယ်ရေးနှင့်စား သုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးက အတွင်းရေးမှူး အဖြစ်လည်းကေင်း ဖွဲ့စည်းထားပါသည်။ ゞင်းကော်မတီအနေဖြင့် တိုင်ကြားမှု ပုံစံနှင့် အညီတိုင်ကြားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ တိုင်ကြားမှုလက်ခံညှိနှိုင်းဖြေရှင်းခြင်း၊ စားသုံးများအပေါ် အမှန်တကယ် ထိခိုက်နစ်နာမှု  ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း၊ အကြံÓဏ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျွမ်း ကျင်ပညာရှင် အဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ စားသုံးသူအား အမှန်တကယ် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ စုံစမ်းမှု အစီရင်ခံစာအား ဆက်လက်ပေးပို့ဆောင်ရွက်ခြင်း၊ စားသုံးသူတိုင် ကြားနိုင်သည့် နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

       ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကော်မတီကို တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးက ဥက္ကဌအဖြစ်ゞင်း၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သမဝါယမဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်အသင်းအဖွဲ့ ကိုယ်စားလှယ်၊ စက်မှုဇုန် ကိုယ်စားလှယ်၊ လူမှုရေးအ သင်းအဖွဲ့များမှ ကိုယ်စားလှယ်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပြီး အတွင်းရေးမှူးအဖြစ် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးက အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းထားပါသည်။ ၎င်းအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပ မှ ထုတ်ကုန်ရောင်းချသော ကုန်စည်များ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်/ဝန်ဆောင်မှုများ တွေ့ရှိသည်ဟု သတင်းရ ရှိပါက မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းလေ့လာခြင်း၊ လုံခြုံမှုမရှိသော ကုန်ပစ္စည်းများအား ဆက်လက်ရောင်းချမှု၊ ဖြန့်ဖြူး မှုမရှိစေရန် ကန့်သတ်ထိန်းချုပ်ထားခြင်း၊ လုံခြုံမှုမရှိသော ကုန်စည်၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အရေးယူဆောင် ရွက်နိုင်ရန်အတွက် သတင်းအချက်အလက်များကို တိုင်းဒေသကြီးအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် ကြီးကြပ်စစ်ဆေးခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ အကြံÓဏ်များပေး ခြင်း၊ ဈေးကွက်အတွင်းမှ သိမ်းဆည်းပိတ်ပင်မည့် ကုန်ပစ္စည်းများအတွက် သတိပေးထုတ်ပြန် ကြေညာခြင်းနှင့် လုပ်ငန်း စဉ်များအား တာဝန်ယူဖြေရှင်းခြင်း၊ စားသုံးသူအငြင်းပွားမှုဖြေရှင်း အဖွဲ့၏ ညွှန်ကြားချက်နှင့် ဆုံးဖြတ်ချက်များကို လိုက် နာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

    မကွေးတိုင်းဒေသကြီးတွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သည် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ပီပီပြင်ပြင်ဆောင်ရွက်ရန်  လိုအပ်သကဲ့သို့ ၎င်းအဖွဲ့ကို အထောက်အကူပြု ဆောင်ရွက်ပေးနိုင်ရန်အတွက် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ(၂) ရပ်ကို ထပ်မံ၍  ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။   ထိုသို့ဖွဲ့စည်းတာဝန်  ပေးအပ်ခဲ့ခြင်းကြောင့် စားသုံးသူ  ပြည်သူလူထုအနေဖြင့် နစ်နာဆုံးရှုံးမှုများကို တိုင်ကြား နိုင်ခြင်း နှင့် ဘေးဥပဒ်ဖြစ်စေမည့် လုံခြုံစိတ်ချရမှုမရှိသော ထုတ်ကုန်ပစ္စည်းများကို တားဆီးကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် စားသုံးသူ ပြည်သူလူထု တရပ်လုံးလည်း စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၏ အကာအကွယ် ပေးမှုကို အပြည့်အဝ ရရှိကြမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 

 

                                                                                                                              ဝင်းထွန်း (စားသုံးသူ)