အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ကြိတ်သားအလှပြင်စင်၊ TV စင်နဲ့ ဆိုင်ကယ်အပိုပစ္စည်းများတွေ့ရှိ

 

          မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားနဲ့ Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်ဆောင်တဲ့အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ ကြိတ်သားအလှပြင်စင် (၁၅) စုံနဲ့ ကြိတ်သားTV စင် (၂) ဖာ တို့ကို ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အလားတူဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အဆိုပါရှောင်ကွင်းလမ်းပေါ်မှာ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိတဲ့ ကြိတ်သားအလှပြင်စင်၊ TV စင်    ၊ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များရဲ့ ခန့်မှန်း တန်ဖိုးမှာ ကျပ် ၁၀ သိန်းနီးပါးဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိ တရားမဝင်ကုန်ပစ္စည်းများကို အဖွဲ့စုံဖြင့် စစ်ဆေးပြီး မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။                                                                                                                                                                                                                                                                                                                                                       DCCA  DCCA