မြန်မာ-တရုတ်နယ်စပ်မှ ဇန်နဝါရီလအတွင်း ရေထွက်ကုန်တန် ၄၄၀ဝ ကျော်တင်ပို့

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃၈၈ သန်းဖိုးရှိ ရေထွက်ကုန်တန် ၁၀၇၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးတင်ပိုခဲ့တဲ့ ရေထွက်ကုန် တွေကတော့ ကဏန်း ၃၂၅ တန် ၊ ငါးရှဉ့် ၇၅ တန်ခန့်၊ ရေခဲငါး ၁၆၇ တန်ကျော် ၊ ငါးမှုန့် ၁၇ တန်၊ ငါးလေးခြောက် ၃၁၅ တန်၊ ငါးဆားနယ် ၇၁ တန်၊ ငါးစည်ဖောင်း (ငါးကြင်း၊ ငါးမြစ်ချင်း) ၁၄ တန်၊ ငါးပူတင်းနဲ့ ငါးလိပ်ကျောက်ရေခွံခြောက် ၈ တန်၊ ငါးခြောက် ၁၀ တန်ခန့် ၊ ပုစွန်ခြောက် / အမှုန့် ၃၄ တန် ၊ ပုစွန်ဖွဲ ၃၂ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်ပို့မှုထက် ၁၄၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ငါးရှဉ့်၊ ကဏန်းနဲ့ ရေခဲငါး ပိုမိုတင်ပို့နိုင်တဲ့အတွက်လည်း အပို့ ပိုမိုရခြင်းဖြစ်ပါတယ်။

          ဇန်နဝါရီလတစ်လလုံးမှာတော့ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၉ ဒသမ ၂၀၁ သန်းဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၄၄၂၇ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ယခုသီတင်းပတ်မှာ ငါးရှဉ့် ဈေးကောင်းရပြီး ကဏန်းဈေး ပြန်ကျလာကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယခုတစ်ပတ်ဈေးနှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-

                                    မိမိဘက်        ကျပ်/တန်                       တစ်ဘက်နိုင်ငံ       ဒေါ်လာ/တန်

                          ယခု          ယခင်      ပြောင်းလဲမှု   ရာခိုင်နှုန်း      ယခု   ယခင်   ပြောင်းလဲမှု   ရာခိုင်နှုန်း        

ငါးရှဉ့်    ၅၅၇၆၀ဝဝ   ၄၂၆၄၀ဝဝ   ၁၃၁၂၀ဝဝ      ၂၃           ၅၄၃၈   ၄၁၇၇      ၁၂၆၁       ၂၃ 

ကဏန်း ၅၁၂၅၀ဝ၀ ၇၁၇၅၀ဝ၀ ၂၀၅၀ဝဝဝ  ၄၀     ၄၉၉၈ ၇၀၂၉   ၂၀၃၁   ၄၀                                                                                                                                                                                                                                                                 ယဉ်ယဉ်အေး MIRT (DCCA)