ကြက်သွန်နီ စခန်းစုံမှတင်ပို့

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီ ၄၅၃ တန်၊ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးမှ တန် ၅၀ ၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တန် ၂၀ တို့ကို စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၅၇၉၃၈ ဖိုး ယခုသီတင်းပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မြဝတီစခန်းတစ်ခုတည်းမှသာ ၃၇၂ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ စခန်းပေါင်းစုံကတင်ပို့ခဲ့တဲ့ ကြက်သွန်နီတန်ချိန်ပေါင်း ၂၃၅၅ တန် ရှိပါတယ်။ အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေက ဒီနှစ်မှာ မြန်မာနိုင်ငံထွက် ကြက်သွန်နီ တွေကို ဝယ်လိုအားရှိနေပေမဲ့ ဈေးနှုန်းကတော့ မတက်ဘဲကျနေကြောင်း၊ ဒါကြောင့် ပွဲရုံတွေကလည်း ဈေးနှုန်းနဲ့ ဈေးကွက်ကို ချိန်ဆဝယ်နေရကြောင်း ကြက်သွန်ပွဲစားတစ်ဦးထံက သိရ ပါတယ်။                                                                                                                                                                                                                                                                                        မော်မော်အောင် MIRT (DCCA)