နယ်စပ်စခန်းများမှ ဇန်နဝါရီလအတွင်းဆန်တင်ပို့မှုလျော့ကျပြီး ဆန်ကွဲတင်ပို့မှုပိုမို

 

             မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန် တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက်တင်ပို့နိုင်မှုများမှာ မူဆယ် ၁၀၅ မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ်စခန်းမှ တန် ၁၀ဝ၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀ဝ၀ ကျော် လျော့နည်း ခဲ့ပါတယ်။ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။

       ယခုသီတင်းပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၃၁ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၁၄၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းဖိုးရှိ ကောက်ညှင်းဆန် ၅၈၇ တန်၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၃ သန်းဖိုးရှိ ဆန်ကွဲ ၃၄၈ တန်တင်ပို့ခဲ့ပါတယ်။

          ဇန်နဝါရီလ တစ်လလုံးအတွက်ကတော့ မြန်မာ-တရုတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄၇ ဒသမ ၆၉၁ သန်းဖိုးရှိ ဆန်ဖြူ ၁၃၁၃၉၁ တန်ကျော်နဲ့ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ရှိ မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ဝ၄၈ သန်းဖိုးရှိ ဧည့်မထဆန် ၁၂၅ တန်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးဒီဇင်ဘာတစ်လလုံးမှာ မြန်မာ-တရုတ်နယ်စပ်မှ ဆန်တန်ချိန် ၁၆၉၁၃၄ တန်တင်ပို့နိုင်တဲ့အတွက် ဇန်နဝါရီလမှာ ၃၇၇၄၃ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ယခင်လကတော့ မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။

            ဆန်တင်ပို့မှုလျော့နည်းခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမှာ သိသိသာသာပိုမိုလာတာတွေ့ရပါတယ်။ ဇန်နဝါရီတစ်လလုံးမှာ ကန်ဒေါ်လာ ၁၆ ဒသမ ၄၄၅ သန်းဖိုးရှိ ဆန်ကွဲ ၅၀၆၆၇ တန်ကျော်ကို မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းများမှ တင်ပို့ခဲ့ပြီး ယခင်လထက် ၂၂၀၈၂ တန်ခန့် ပိုမိုတင်ပို့ထားကြောင်း စာရင်းဇယားများအရ သိရှိရပါတယ်။                                                                                                                                                                                                                                                                                                                                                          ယဉ်ယဉ်အေး MIRT (DCCA)