တမူးနယ်စပ်ဒေသတွင် သခွားမွှေးများစမ်းသပ်စိုက်ပျိုးသင့်

 

မူဆယ်ဘက်မှ ထွက်ရှိတဲ့ သစ်သီးဝလံများထဲမှ သခွားမွှေးစိုက်ပျိုးထွက်ရှိမှုတွင် မိုးသခွားများဈေးကျ၍  တောင်သူများ နစ်နာမှုရှိခဲ့သော်လည်း ယခုအချိန်တွင် ရွှေသခွားပေါ်ချိန် ၁ ကီလိုကို ၅ ယွမ်ခန့် မြန်မာငွေ ၈၀ဝ ကျပ် ရနေပြီး သခွားတစ်လုံးကို အဆင့်မီလျှင် ၃ ကီလိုခန့်ရှိ၍ ကျပ် ၂၀ဝ၀ ကျော်ခန့်ဈေးရနေတယ်လို့ သိရပါတယ်။ သခွားစိုက်တောင်သူများအနေဖြင့် ၁ ဧက ဝင်ငွေ ကျပ်သိန်း  ၁၀ဝ  ကျော်ခန့်ရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် တမူးနယ်စပ်ဒေသတွင် သခွားမွှေးများ စမ်းသပ်စိုက်ပျိုးသင့်တယ်လို့ ဇန်နဝါရီလတွင် တမူးနယ်စပ်ကုန်သွယ်ရေး စခန်းအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာခရိုင်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ဆွေးနွေးပြော ကြားသွားတယ်လို့ သိရပါတယ်။

 

                                                                                                                                          ခင်မိုးသူ MIRT (DCCA)