ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ အထပ်သားများနဲ့ ဂျူတီယာဉ်ပေါ်မှ အမယ်လွဲ တင်ဆောင်လာတဲ့ ဖော်မီကာချပ်များကို မူဆယ် Mobile Team မှသိမ်းဆည်းရမိ

     

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Team  အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်းဆောင်တဲ့အဖွဲ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ အထပ်သား (၇၃) ချပ်ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ဂျူတီယာဉ်အမှတ် (2F/xxxx) (၁၂ ဘီး)ပေါ်မှ    ID  တွင်အမယ်လွဲတင်ဆောင်လာတဲ့ Plywood One side (4' x 8'x 2mm) ဖော်မီကာ (၄၉၉) ချပ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အထပ်သားများနဲ့ ၁၂ ဘီး ယာဉ်ပေါ်မှ ဖော်မီကာများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၂ ဒသမ ၂၂၂ ဖြစ်ပြီးအဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                                                                                                DCCA  DCCA